AI အင်္ဂါရပ်တွေပါဝင်ပြီး Search engine တစ်ခုလို ကောင်းကောင်းအလုပ်လုပ်နိုင်မယ့် Weixin စာတိုပေးပို့ခြင်း အက်ပ်ကို တရုတ်နည်းပညာကုမ္ပဏီကြီး Tencent က မိတ်ဆက်လိုက်ပါတယ်။

Weixin စာတိုပေးပို့တဲ့အက်ပ်ဟာ တရုတ်နိုင်ငံမှာ အကြီးမားဆုံးကွန်ရက်တစ်ခုဖြစ်နေသလို သုံးစွဲသူအချို့ကို AI နည်းပညာနဲ့ ချိတ်ဆက်ပြီး အသုံးပြု နိုင်စေဖို့ကိုလည်း ကုမ္ပဏီက ရည်မှန်းထားတာပါ။ ထပ်ပြီး ထူးခြားတာက AI နည်းပညာ ချိတ်ဆက် အသုံးပြုဖို့ အတွက် DeepSeek ကို ချိတ်ဆက်ကာ Search engine တစ်ခုလို ကောင်းကောင်း ရှာဖွေအသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။

ဒါ့အပြင် Weixin ကို အသုံးပြုပြီး လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တာတွေကို ရှာဖွေချနိုင်မှာ ဖြစ်ပြီး ဒီအက်ပ်ကနေတစ်ဆင့် အဆင်ပြေလွယ်ကူချောမွေ့စေမယ့် လုပ်ငန်းဆောင်တာတွေကိုလည်း အချိန် ခဏလေးအတွင်းမှာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Tencent ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။