Nividia ကုမ္ပဏီရဲ့ စီအီးအို ဂျန်ဟွမ်က တရုတ်တိုင်ပေရဲ့ပထမဆုံး အေအိုင်စူပါကွန်ပျူတာထုတ်လုပ်ဖို့အတွက် နည်းပညာလုပ်ငန်းကြီးတွေဖြစ်တဲ့ Foxconn ၊ TSMC တို့နဲ့ အတူတူ ပူးပေါင်းလုပ်မယ်လို့ ပြောပါတယ်။

ထိပ်တန်း ဆီမီးကွန်ဒတ်တာချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ စုဝေးရောက်ရှိနေတဲ့ တရုတ်တိုင်ပေရဲ့ အကြီးဆုံးနည်းပညာ ပြပွဲမှာ ဂျန်ဟွမ်က ပြောကြားခဲ့တာပါ။ ဒီလိုလုပ်တာက အေအိုင်အခြေခံအဆောက်အအုံတွေနဲ့ အေအိုင်စနစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အေအိုင်နဲ့ပတ်သက်တဲ့ပြဿနာတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ဖြစ်ပြီး တရုတ် တိုင်ပေမှာ ကမ္ဘာ့အဆင့် အေအိုင်အခြေခံအဆောက်အအုံရှိဖို့က သိပ်ကိုအရေးကြီး တယ်လို့လည်း ဂျန်ဟွမ်က ပြောပါတယ်။လေးရက်တာကျင်းပတဲ့ ဒီနည်းပညာပြပွဲကို ကမ္ဘာတစ်ဝန်းက ကွန်ပျူတာနဲ့ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ လာရောက်စုဝေးခဲ့ကြတာပါ။

ဒီကုမ္ပဏီတွေရဲ့ချစ်စ်တွေဟာ အိုင်ဖုန်းမှာသုံးတဲ့နည်းပညာအားလုံးနဲ့ ChatGPT လို အေအိုင်စနစ်တွေကို အသုံးပြုတဲ့ ဆာဗာတွေအားလုံးအတွက် အရေးကြီးပါတယ်။တရုတ်တိုင်ပေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးချစ်ပ်တွေကို အများဆုံး ထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့ အထဲမှာ အစွမ်းအထက်ဆုံး အေအိုင်ကို အသုံးချပြီး သုတေသနတွေလုပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းတွေကိုပါ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။