အမေရိကန်နဲ့ ယူအေအီး နှစ်နိုင်ငံအကြား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ရေး မူဘောင်တစ်ခု တည်ထောင်ဖို့ ကတိပြုခဲ့ကြတယ်လို့ ထရမ့်ကပြောကြားထားတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ဒုတိယသမ္မတသက်တမ်းအတွင်း ပင်လယ်ကွေ့နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ဆော်ဒီ အာရေးဗျ၊ ကာတာနဲ့ ယူအေအီးနိုင်ငံတွေကို သွားရောက်နေတာဖြစ်ပြီး အဲဒီစဉ်အတွင်း အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေဖို့ ကတိပြုခဲ့တာပါ။ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ စုစုပေါင်း ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ ကြေညာခဲ့သလို ယူအေအီးနဲ့ ဥာဏ်ရည်တုအပိုင်းမှာ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွာဖို့လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

သဘောတူညီချက်အရ AI မော်ဒယ်တွေ ဖော်ဆောင်ရာမှာ အရေးပါတဲ့ ဒေတာစင်တာတွေ ယူအေအီးနိုင်ငံမှာ ဆောက်လုပ်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် အမေရိကန်က ပံ့ပိုးကူညီတာတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ ပင်လယ်ကွေ့နိုင်ငံတွေဟာ အမေရိကန်ရဲ့ ဘဏ္ဍာရေး အရန်ငွေတွေ၊ နိုင်ငံပိုင်ရန်ပုံငွေတွေ၊ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံနိုင်မှုတွေနဲ့အတူ ကမ္ဘာ့စီးပွားရေးမှာ အချက်အချာကျတဲ့နေရာက ပါဝင်နေတယ်လို့ ထရမ့်က ပြောကြားထားပါတယ်။