နည်းပညာလောကကို တုန်လှုပ်ချောက်ချားသွားအောင်ပြုလုပ်နိုင်ခဲ့တဲ့ တရုတ် DeepSeek ကို တောင်ရီးယားမှာ အသုံးပြုခွင့် ယာယီပိတ်ပင်လိုက်ကြောင်း The New York Times သတင်းမှာ ဖော်ပြထားပါတယ်။ ဖန်တီးထားတဲ့ ဉာဏ်ရည်တု chatbot အသစ်တွေ ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ တောင်ကိုရီး ယား အစိုးရက ပြောပါတယ်။

DeepSeek ကို ဝက်ဘ်ဘရောက်ဆာကနေတစ်ဆင့် အသုံးပြုနိုင်ပေမယ့် တောင် ကိုရီးယားရှိ Apple ဒါမှမဟုတ် Google အက်ပ်စတိုးတွေမှာတော့ အသုံးပြုခွင့် မရတော့ဘူးလို့ သိရပါတယ်။DeepSeek app အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ပတ်သက်လို့ ကုမ္ပဏီက စည်းမျဉ်းတချို့ကို ထည့်စဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် တောင်ကိုရီးယားအာဏာပိုင်တွေက ဒီ app အသုံးပြုတာကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံရေး အချက် အလက်စည်းမျဉ်းတွေ သေချာ လိုက်နာနိုင်ရင်တာ့ အက်ပ်ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုခွင့်ပေးမှာဖြစ်တယ်လို့ တောင်ကိုရီးယား စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ပြောကြားထားပါတယ်။အီတလီမှာလည်း အလားတူစိုးရိမ်မှုတွေကြောင့် DeepSeek အသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ အချက်အလက် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ဒါ့အပြင် တရုတ်တိုင်ပေ အစိုးရရုံးတွေမှာလည်း DeepSeek အသုံးပြုခွင့်ကို အခုလအစောပိုင်းကတည်းက ပိတ်ပင်ထားတာဖြစ်ပါတယ်။