DeepSeek ကို နှစ်လကြာ ဆိုင်းငံ့ထားပြီးနောက် တောင်ကိုရီးယားမှာ ပြည်သူတွေ ပြန်လည်အသုံးပြုနိုင်အောင် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း Reuters သတင်းမှာ ပါရှိပါတယ်။ အာဏာပိုင်တွေက တရုတ် DeepSee ဟာ အချက် အလက် ကာကွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်တွင်းမှာ အသုံးပြုခွင့် ပိတ်ပင် ထားတာပါ။ တရုတ်ဉာဏ်ရည်တုဝန်ဆောင်မှု DeepSeek ကို ဧပြီ ၂၈ ရက်က တောင်ကိုရီးယား အက်ပ်ဈေးကွက် တွေမှာ ထပ်မံဒေါင်းလုဒ်လုပ်ပြီး ပြန်လည်ရရှိနိုင်ပြီ ဖြစ်ပါတယ်။

DeepSeek ဟာ ကိုယ်ရေးကိုယ်တာ ဒေတာအချက်အလက်တွေကို အပြည့်အဝကာကွယ်မှုပေးနိုင်ရဲ့လားဆိုပြီး မေးခွန်းတွေ ထုတ်နေကြတာကြောင့် နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ပြီး ဖေဖော်ဝါရီလ အတွင်းက အသုံးပြုခွင့်ကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယားရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးအက်ဥပဒေနဲ့ ကိုက်ညီတာကြောင့် ပြည်တွင်း မှာ DeepSeek ဝန်ဆောင်မှု ပြန်လည်ပေးအပ်တာဖြစ်တယ်လို့ တောင်ကိုရီးယား အခြေစိုက် ဒေတာကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။