အမေရိကန်ပြည်ထောင်စု Pittsburgh မြို့မှာ ဇွန်လ ၁၅ ရက်က ကျင်းပခဲ့တဲ့ ဉာဏ်ရည်တုနဲ့စွမ်းအင်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ခဲ့တယ်လို့ ပြည်နယ်လွှတ်တော်အမတ် တစ်ယောက်က အတိအလင်းထုတ်ပြန်ခဲ့တာကို Reuters သတင်းမှာ ပါရှိပါတယ်။

ဉာဏ်ရည်တုနဲ့ စွမ်းအင်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတနဲ့အတူ နည်းပညာနဲ့စွမ်းအင်ကဏ္ဍက အမှုဆောင်အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် OpenAI အမှုဆောင်အရာရှိချုပ်၊ Meta Platforms က နည်းပညာအမှုဆောင်အရာရှိတွေလည်း တက်ရာက်ခဲ့ကြပါတယ်။အမေရိကန်ပြည်ထောင်စုမှာ AI နည်းပညာကို တင်းတင်းကျပ်ကျပ် ထိန်းကျောင်းတာက AI ကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဟန့်တားနိုင်မှာဖြစ်တယ်လို့ ထိပ်သီးညီလာခံကို တက်ရောက်ခဲ့တဲ့ အိမ်ဖြူတော် အရာရှိတစ်ယောက်က ပြောပါတယ်။

ဆွေးနွေးပွဲအတွင်း အမေရိကန် AI ချစ်ပ်တွေနဲ့ မော်ဒယ်တွေအတွက် ပြည်ပဈေးကွက်ချဲ့ထွင်ရေးအပေါ် အဓိက ဆွေးနွေးခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ သမ္မတဟောင်း ဘိုင်ဒင်လက်ထပ်က AI ချပ်စ်ပြားတွေ တရုတ်ကို တင်ခွင့် တားမြစ်ချက်တွေကိုလည်း အလေးပေးဆွေးနွေးသွားခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။