OpenAI ဟာ ဆော်ဒီအာရေးဗီးယားနဲ့အိန္ဒိယနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ရရှိရေးအတွက် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းမှာ ပါရှိပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ တစ်ဦးကို အနည်းဆုံး ဒေါ်လာသန်းရာချီ ထည့်ဝင်နိုင်တယ်လို့ ဆိုပါတယ်။ OpenAI က သူ့ရဲ့ AI မော်ဒယ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ Atargate လို့ခေါ်တဲ့ ကြီးမားတဲ့ အခြေခံအဆောက်အအုံစီမံကိန်းကို ထောက်ပံ့ဖို့ ပိုမိုများပြားတဲ့ ရန်ပုံငွေတွေကို ရှာဖွေနေတာဖြစ်ပြီး ဒီရန်ပုံငွေ ရရှိရေးအတွက် SoftBank ကုမ္မဏီက ဦးစီးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် OpenAI ရဲ့အမှုဆောင်အရာရှိချုပ် Sam Altman ကလည်း အခုနှစ်အစောပိုင်းမှာ အိန္ဒိယ နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံမှာ တန်ဖိုးနည်း AI စနစ်တစ်ခု ဖန်တီးမယ့်အစီအစဉ်ကို ဆွေးနွေးခဲ့ ပါတယ်။

အဲဒီနောက် Altman ဟာ ယူအေအီး အခြေစိုက် အဘူဒါဘီရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ MGX နဲ့လည်း ရန်ပုံငွေကိစ္စ သွားရောက်ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။OpenAI ဟာ Coatue နဲ့ Founders Fund ဆိုတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှစ်ခုဆီကနေ အနည်းဆုံး ဒေါ်လာသန်း ၁၀၀ စီ ရရှိရေးအတွက် ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။