စင်ကာပူမှာ လူတိုင်း AI နည်းပညာသုံးတတ်အောင် စနစ်တကျနည်းလမ်းပြသပေးမယ့် စီမံကိန်းတွေ စတင်နေပြီဖြစ်ကြောင်း The New York Times သတင်း မှာဖော်ပြထားပါတယ်။စင်ကာပူဟာ ကျောင်းနေအရွယ်ကလေးက စပြီး Generative AI သင်ခန်းစာတွေ ထည့်သွင်း သင်ကြားဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

နည်းပညာမကျွမ်းကျင်တဲ့ အလုပ်သမားတွေပါ Generative AI ဉာဏ်ရည်မြင့်နည်းပညာ သုံးပြီး ဝက်ဘ်ဆိုက်တွေ တည်ဆောက်နိုင်တဲ့အထိ သင်ကြားပေးမယ့် စီမံကိန်းတွေပါရှိတယ်လို့ စင်ကာပူ ဒီဂျစ်တယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန MDDI က မတ်လ ၇ ရက်နေ့မှာ ဒီစီမံကိန်းကို လွှတ်တော်မှာ ကြေညာသွားတာဖြစ်ပါတယ်။စင်ကာပူမှာ ဘဝတွက်သာ ဒီဂျစ်တယ်အတတ်ပညာဆိုတဲ့ DSL မူဘောင် တစ်ခုရှိပါတယ်။ မနှစ်က ထွက်လာတဲ့ DSL မူဘောင်က စင်ကာပူနိုင်ငံသားအားလုံး ဒီဂျစ်တယ်အသိပညာနဲ့ စွမ်းရည် မြင့်မားရေး ၊ အွန်လိုင်းဘေးကင်းလုံခြုရေးပိုင်းအတွက် လိုအပ်တဲ့ လေ့လာရေးအရင်းအမြစ်နဲ့ အသုံးချပစ္စည်းတွေ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အခု DSL မူဘောင်ကို ချဲ့ထွင်ပြီး Generative AI နည်းပညာအသုံးချနည်းပါ တတ်ကျွမ်းအောင် သင်ပေးတော့မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ စင်ကာပူနိုင်ငံသားတွေဟာ ChatGPT ၊ CoPilot တို့လို နောက်ဆုံးပေါ် AI tools တွေ သုံးပြီး အစားအသောက် recommend တောင်းတာ ၊ ခရီးသွားဖို့ စီစဉ်တာ ၊ အပြင် အလုပ်ခွင်ပါမှာ AI နည်းပညာကို ထိထိရောက်ရောက် သုံးတတ်အောင် လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေနဲ့ လုပ်ငန်းတွေမှာ AI သုံးနည်းသင်ပေးတာကနေ အလုပ်အကိုင်သစ်တွေပါ ဖန်တီးလာနိုင်မယ်လို့လည်း MDDI ဝန်ကြီးက ပြောပါတယ်။ အစိုးရရဲ့ AI တတ်မြောက်ရေးစီမံကိန်းထဲမှာ AI သုံးပြီး အယောင်ဆောင် deepfakes နဲ့ သတင်းမှားဖြန့်တာလိုမျိုး တွေ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကိုပါ အသိပညာပေးသွားမှာဖြစ်ပါတယ်။