အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ AI model အသစ်တွေနဲ့ ဒေတာစင်တာတွေ တိုးချဲ့ တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိထပ်တိုးမြှုပ်နှံသွားဖို့ စီစဉ်နေကြောင်း မတ်ခ်ဇူကာဘတ် က ပြောပါတယ်။Meta Platforms အနေနဲ့ AI အခြေခံအဆောက်အအုံ ကဏ္ဍ ချဲ့ထွင်ဖို့အတွက် အခု ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ သုံးစွဲဖို့ စီစဉ်နေပြီး OpenAI နဲ့ Google တို့ကို ယှဉ်ပြိုင်ရာမှာ ကုမ္ပဏီလက်ရှိ အနေအထားကို ပိုမို မြှင့်တင်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ဇူကာဘတ်က ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ Meta ဟာ ဉာဏ်ရည်တုပိုင်းကို ပိုမိုအားထုတ် ကြိုးပမ်းသွားမှာဖြစ်သလို နည်းပညာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်လောက်အောင် ကြီးမားတဲ့ 2-gigawatt ဒေတာစင်တာကို တည်ဆောက်သွားမယ်လို့ ဇူကာဘတ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုထားပါတယ်။အခု ၂၀၂၅ ခုနှစ်ဟာ AI နည်းပညာတွေပိုမိုတိုးတက်ထွန်းလာမယ့်နှစ်တစ်နှစ်ဖြစ်သလို ကြီးမားတဲ့ အားထုတ်မှုတွေကို ပြည်သူတွေမြင်တွေ့ခံစားရမှာဖြစ်သလို လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ရဲ့ ပင်မထုတ်ကုန်တွေနဲ့ လုပ်ငန်းတွေက ပြည်သူလူထု အတွက် များစွာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကိုလည်းပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ဇူကာဘတ်က ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်းMicrosoft နဲ့ Amazon ကုမ္ပဏီကြီးတွေက ဒေတာစင်တာတွေ တိုးချဲ့ တည်ဆောက်ဖို့အတွက်အပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ဇူကာဘတ်ဟာ AI ပြိုင်ပွဲမှာ ဒုတိယမဖြစ်ချင်ဘူးဆိုပြီး ကြေညာချက်တွေထုတ်ပြန်ပြီးပြီးချင်းမှာ အခုလို အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ ထပ်တိုးရင်းနှီးမြှုပ်နှံမယ့်အစီအစဉ်တွေကို လူသိရှင်ကြားထုတ်ဖော်ပြောကြားလာတာာလည်းဖြစ်ပါတယ်။