ဩစတြေးလျအာကာသယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဟာ နိုင်ငံတွင်းထုတ်လုပ်တဲ့ဒုံးပျံလွှတ်တင်မှုကိုဖျက်သိမ်းလိုက်ကြောင်း မေလ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အကြောင်းကတော့ ဒုံးပျံထိပ်ဖူးထဲကစနစ်တွေ အလုပ်မလုပ်တော့လိုဖြစ်ပါတယ်။ မလွှတ်တင်ခင် စမ်းသပ်နေတုန်းမှာပဲ လျှပ်စစ်ပစ္စည်းတွေချိုယွင်းမှုဖြစ်တာကြောင့် ဒုံးပျံထိပ်ဖူးက ပွင့်ချိန်မတန်ခင် ပွင့်သွားခဲ့တာဖြစ်ပါတယ်။

ဒုံးပျံထိပ်ဖူးရဲ့လုပ်ဆောင်ချက်က အာကာသထဲ မရောက်ခင် ကမ္ဘာ့လေထုကို ဒုံးပျံဖြတ်တက်နေချိန်မှာဒုံးပျံထဲမှာပါဝင်တဲ့ပစ္စည်းတွေကိုကာကွယ်ဖိုဖြစ်ပါတယ်။ ဒီချွတ်ယွင်းမှုဟာ ဒုံးပျံထဲကို လောင်စာမထည့်ခင်မှာ ဖြစ်သွားခဲ့တာပါ။ ဖြစ်တဲ့နေရာကတော့ ကွင်းစလန်းပြည်နယ် ဘရစ်စဘိန်းမြိုကနေ ကီလိုမီတာ ၁၀၀၀ လောက်မှာရှိတဲ့ အရှေ့ကမ်းရိုးတန်းဘိုဝင်မြိုနယ်အနီးက ကုမ္ပဏီပိုင်အာကာသယာဉ်လွှတ်တင်တဲ့နေရာမှာ ဖြစ်ပါတယ်။ဒုံးပျံလွှတ်တင်စဉ်အတွင်း ချွတ်ယွင်းမှုဖြစ်ပွားခဲ့ပေမယ့် ဒုံးပျံကော ဒုံးပျံလွှတ်တင်တဲ့အဖွဲသားတွေကောအန္တရာယ်ကင်းခဲ့တယ်လို သိရပါတယ်။ ဒုံးပျံထိပ်ဖူးလဲလှယ်ဖို လာမယ့်ရက်ပိုင်းအတွင်းမှာ ဒုံးပျံထိပ်ဖူးအသစ်ကို လွှတ်တင်တဲ့နေရာ ယူလာမယ်လို ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အာဒမ်ဂလင်မာက ပြောပါတယ်။

လောင်စာအပြည့်နဲ့တန်ချိန် ၃၀ ရှိတဲ့ ဒီဒုံးပျံကိုစွမ်းအင်ပေါင်းစပ်မောင်းနှင်စနစ်ကိုသုံးပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဒုံးပျံမှာ သူ့ချည်းသက်သက် မီးမလောင်နိုင်တဲ့လောင်စာနဲ့ ဒုံးပျံတက်တဲ့အခါ လောင်ကျွမ်းဖိုလိုအပ်တဲ့ အောက်ဆီဂျင်ကိုထောက်ပံ့ပေးတဲ့လောင်စာဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ ဒီလွှတ်တင်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် ဩစတြေးလျမြေပေါ်ကနေ ဂြိုဟ်ပတ်လမ်းထဲကိုလွှတ်တင်တဲ့ ပထမဆုံးသော ဩစတြေးလျထုတ်ဒုံးပျံဖြစ်လာမှာ သေချာပါတယ်။