အေအိုင်နည်းပညာက အဆင့်မြင့်ကွန်ပျူတာသုံးစွဲမှုလောက် လူအများရဲ့ အာရုံစိုက်မှု မရှိတာကြောင့် အိုဟိုင်းယိုး အတွက် တစ်ဘီလီယံတန်ကြေးစီမံကိန်းအပါအဝင် အေအိုင်ဒေတာပရောဂျက်တချို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို Micorsoft ကုမ္ပဏီက ထုတ်ပြန်ကြေညာထားပါတယ်။ Columbus အပြင်ဘက် Ohio’s Licking County အလယ် ပိုင်းက ကျေးလက်ဒေသတချိုမှာ ပရောဂျက်ရဲ့ ကနဦး စီမံကိန်းတချိုကို ရပ်ဆိုင်းလိုက်တယ်လို ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေကလည်း အတည်ပြုပြောကြားထားပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အေအိုင်နဲ့ကလောက်ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး များပြားလာတဲ့ တောင်းဆိုမှု တွေကို ကာမိစေဖို အကောင်းဆုံး လုပ်ဆောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်းကို Noelle Walsh က Linkedin မှာ ပိုစ်တင် ဝေမျှခဲ့ပါတယ်။ပရောဂျက်ရဲ့အစပိုင်းတွေမှာ နှေးကွေးခဲ့တဲ့အတွက် အခုအချိန်မှာ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ဖြည့်တင်းပေးဖို ဆိုရင် ကြိုးစားအားထုတ်မှုတွေ အများကြီးလိုအပ်တယ်လို Walsh က ပြောကြားသွားပါတယ်။ အိုဟိုင်းယိုးပြင်ပက ပရောဂျက်တွေဟာ ဘာလိုနှေးကွေးခဲ့လဲဆိုတာကို Microsoft က အစပိုင်းမှာ မပြောခဲ့ပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ မှာတော့ အကြောင်းရင်းကို အသေးစိတ် ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

TD Cowen က စိစစ်သူတွေကတော့ Company တချိုရဲ့ဒေတာစင်တာ ငှားရမ်းမှုတွေနဲ့ပတ်သက်ပြီး တိုးချဲ့တာ ဖြစ်ဖြစ် ဖျက်သိမ်းတာဖြစ်ဖြစ် Microsoft က လိုအပ်သလို ဖြည့်တင်း ဆောင်ရွက်ပေးနေတယ်လိုပြောပါတယ်။ တချိုစိစစ်သူတွေကတော့ Microsoft ရဲ့စီးပွားဖက်ဖြစ်တဲ့ Chat GPT ကို တီထွင်သူ Open AI နဲ့ ပြုပြင်ပြောင်းလဲမှု တချို လုပ်ဆောင်သင့်တယ်လို ဆိုပါတယ်။ 0pen AI က AI နည်းပညာဖွံဖြိုးတိုးတက်မှုကို ရှေ့တန်းတင်ပြီး ဆောင်ရွက်နေတဲ့အချိန်မှာ Microsoft ကတော့ သူနဲ့ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားနေတယ်လို B.Riley Securities က ဒါရိုက်တာက ပြောကြားထားပါတယ်။