အမျိုးသမီးတွေရဲ့ ပျံသန်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အာကာသထဲကို လွှတ်တင်ဖို့ ရည်ရွယ်ပြီး New Shepard အမည်ရှိ သီးသန့်ဒုံးပျံအသစ်ကို “Blue Origin” ကုမ္ပဏီက မိတ်ဆက်လာကြောင်း The verge သတင်းမှာ ရေးသားထားပါတယ်။

အမေရိကန်အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ “Blue Origin”က NS-31 Mission ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၆၃ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အမျိုးသမီးတွေရဲ့ အာကာသပျံသန်းမှုဖြစ်တယ်လို့ Blue Origin ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ ဒီ Mission မှာ ကမ္ဘာကျော် နာမည်ကြီးအမျိုးသမီး ၆ ယောက်ကို အာကာသယာဥ်နဲ့ အာကာသထဲကို ၁၁ မိနစ် ကြာ သယ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ၆ ယောက်ထဲမှာ ကမ္ဘာကျော်အဆိုတော် Katy Perry လည်း အပါအဝင်ဖြစ်ပြီး အာကာသထဲသွားရောက်မယ့် ပထမဦးဆုံး အဆိုတော်အဖြစ် စံချိန်တင်လိုက်တာလည်း ဖြစ်ပါတယ်။

Blue Origin ကို မစ်ရှင်ကို ကမ္ဘာကျော် နာမည်ကြီးအမျိုးသမီး ၆ ယောက်နဲ့အတူ စတင်လွှတ်တင် ရမှာဖြစ်တာကြောင့် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း ကုမ္ပဏီက ပြောပါတယ်။ဒါဟာ ရဲစွမ်းသတ္တိရှိလှတဲ့ အမျိုးသမီးတွေအတွက် လမ်းခင်းပေးနေတဲ့ အခွင့်အရေးတစ်ခုဖြစ်သလို Blue Origin ရဲ့ NS-31 Mission နဲ့အတူ စကြာဝဠာကနေ အတွေ့အကြုံအသစ်တွေ ဆောင်ကြဉ်းယူဆောင်လာနိုင်မှာလည်း ဖြစ်တယ်လို့ Blue Origin ပိုင်ရှင် Jeff Bezos က ပြောပါတယ်။