General Motors ထုတ် Cruise(ခရုစ်)စက်ရုပ်ကားတွေကို အမေရိကန် မော်တော်ကားဘေးကင်းရေး ထိန်း ကျောင်းမှုက စုံစမ်းစစ်ဆေးတော့မှာဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကတည်းက အလိုအလျောက်မောင်းနှင်တဲ့စနစ် တပ်ဆင်ထားတဲ့ယာဉ်တွေက လမ်းသွားလမ်းလာတွေကို တိုက်ခိုက်မိတာကြောင့် မော်တော်ကားဘေးကင်းရေး ထိန်းကျောင်းမှုက ပဏာမအကဲဖြတ်မှုကို ဖွင့်လှစ်ခဲ့ပေမဲ့ နောက်ထပ် အရေးယူတာ မပြုဘဲ ပဏာမ စုံစမ်းစစ်ဆေးမှုကို ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။

စက်ရုပ်ကားတွေဟာ လူကူးမျဉ်းကြားရှိ လမ်းသွားလမ်းလာတွေကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရေးယူမှုတွေလည်း မကြာခဏ ဆောင်ရွက်နေရတာပါ။ ဒါ့ကြောင့် General Motors ရဲ့ Cruise စက်ရုပ်ကား တွေကို ကြိုတင်စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ အမေရိကန် မော်တော်ကား ဘေးကင်းရေး ထိန်းကျောင်းမှုက ပြောပါတယ်။