နေရောင်ခြည်စွမ်းအင်မြှင့်တင်ဖို့အတွက် titanium dioxide နဲ့ selenium တို့ကို အသုံးပြုပြီး ပုံမှန်ထက် အဆ ၁,၀၀၀ ပိုမိုအားကောင်းတဲ့ ဆိုလာနည်းပညာသစ်ကို ဂျပန်က မိတ်ဆက်လာကြောင်း The verge သတင်းမှာ ရေးသားထားပါတယ်။

အဲဒီနည်းပညာဟာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ titanium ထုတ်ယူနိုင်တဲ့ လုပ်ငန်း စဉ်ဖြစ်ပြီး တိုကျိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်းတီထွင်ခဲ့တာပါ။ အဲဒီ titanium ကို နေရောင်ခြည် နဲ့ စက်မှုလုပ်ငန်းသုံးအတွက် ပိုမိုစျေးသက်သာစွာနဲ့ ရောင်းချပေးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

titanium ရဲ့ ကြာရှည်ခံမှုနဲ့ အညစ်အကြေးခံနိုင်ရည်ရှိမှုမှာ အားနည်းချက်ရှိတာကြောင့် ကျွမ်းကျင်သူတွေက အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် သုတေသနတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီဆိုလာနည်းပညာသစ် က နေစွမ်းအင်ထုတ်လုပ်မှုကို ပိုမိုထိရောက်စွာနဲ့ သန့်ရှင်းတဲ့စွမ်းအင်ကို ရရှိနိုင်စေနိုင်တဲ့အတွက် ကမ္ဘာ့နေရောင် ခြည် စွမ်းအင်အနာဂတ်ကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ တိုကျိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။