မကြာခင် ဈေးကွက်အတွင်းမှာ အဆင့်မြှင့်ထားတဲ့ Apple Intelligence Feature အသစ်တွေ မိတ်ဆက်တော့မှာ ဖြစ်ကြောင်း Apple ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

Apple ဟာ သတင်းနဲ့ ဖျော်ဖြေရေးတွေ အတွက် AI Features ကို ပိတ်ထားတဲ့ developer တွေဆီ beta ဆော့ဖ်ဝဲအပ်ဒိတ်ကို ပေးဆောင်နိုင်ခဲ့သလို AI အင်္ဂါရပ်ကို ပိုမိုကောင်းမွန်စေဖို့အတွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။အဆင့်မြှင့်တင်မှုတွေမှာ သုံးစွဲသူတွေအတွက် Apple Intelligence အချက်အလက်တွေအတွက် AI ကို အဓိက အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်သလို တစ်ခါတစ်ရံမှာ မှားယွင်းတဲ့ ရလဒ်တွေ ထွက်လာရင်လည်း အချက်ပြ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခု မိတ်ဆက်တော့မဲ့ အဆင့်မြှင့်ထားတဲ့ Apple Intelligence Feature အသစ်တွေဟာ လူသားတွေရဲ့ ယုံကြည်မှု ကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေအပြင် ဖြစ်ပေါ်လာနိုင်တဲ့ ချို့ယွင်းမှု ပြဿနာတွေကိုလည်း အရေးပေါ် ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ ကုမ္ပဏီဘက်က ပြောကြားထားပါ တယ်။