Apple ကုမ္ပဏီ ဟာ လူတူစက်ရုပ်နဲ့ သာမန်စက်ရုပ်တွေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ လေ့လာဆန်းစစ်သူတွေ က ပြောပါတယ်။ လူသားတွေကို ကူညီပေးနိုင်တဲ့ လူတူစက်ရုပ်လုပ်ငန်းဟာ အနာဂတ်မှာ အလွန်ကို တိုးတက် မြင့်မားလာမယ်လို့ ပညာရှင်တွေက တွက်ချက်ထားကြပါတယ်။

အဲဒီအတွက် လူတူစက်ရုပ်တွေကို နည်းပညာ ကုမ္ပဏီတွေက အပြိုင်အဆိုင် ဖန်တီးထုတ်လုပ်နေကြတာပါ။ အဲဒီအထဲမှာ Apple လည်း ပါလာတော့မယ်လို့ သတင်းထွက်လာတာဖြစ်ပါတယ်။ Apple ဟာ ဈေးနှုန်းချိုသာတဲ့ လူတူစက်ရုပ်တွေကို ထုတ်လုပ်ရောင်းချဖို့ ရေရှည် စီမံကိန်း ရေးဆွဲထားပြီး နည်းပညာတက္ကသိုလ်တွေနဲ့ ပူးပေါင်းကာ စက်ရုပ်တွေ တည်ဆောက်ဖို့ ထိပ်တန်း အင်ဂျင်နီယာတွေကို ငှားရမ်းနေတယ်လို့ သိရပါတယ်။

Apple အနေနဲ့ ၂၀၂၈ ခုနှစ်မှာ စက်ရုပ် အများအပြားကို ထုတ်လုပ်မယ်လို့ ခန့်မှန်းထားကြပြီး အဆင့်မြင့် စွမ်းရည်တွေပါတဲ့ စက်ရုပ်တွေကို တီထွင်ရောင်းချပြီး လူတူ စက်ရုပ်ဈေးကွက်မှာ Tesla ကို ယှဉ်ပြိုင်ဖို့လည်း ကြိုးပမ်းနေတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။