၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်းက အကောင့်ပိတ်ခံရလို့ မကျေနပ်တဲ့ ထရမ့်က ၂၀၂၁ ခုနှစ်မှာ Meta ကို တရားစွဲခဲ့ပါတယ်။ အမှုက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ထရမ့်ရှုံးနိမ့်ပြီး အမေရိကန် ပြည်ထောင်စု Capitol ကို သူ့လူတွေ ဝင်စီးခဲ့တဲ့နောက် Meta ဘက်က ထရမ့်သုံးနေတဲ့ Social Media အကောင့် တွေ ပိတ်ခဲ့တဲ့ အမှုပါ။

အကောင့်ပိတ်ခံရလို့ မကျေနပ်တဲ့ ထရမ့်က ၂၀၂၁ ခုနှစ်မှာ Meta ကို တရားစွဲခဲ့တာဖြစ် ပါတယ်။ ဒါ့ကြောင့် ၂၀၂၅ ခုနှစ် ထရမ့် သမ္မတပြန်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ Meta ဘက်က အမှု ကျေအေးဖို့ ဒေါ်လာ ၂၅ သန်းပေးဖို့ သဘောတူလိုက်တာဖြစ်ပါတယ်။ ထရမ့်က အခု X ဖြစ်လာတဲ့ Twitter နဲ့ YouTube တို့ကိုလည်း အကောင့်ဆိုင်းငံ့ခံရတဲ့ကိစ္စနဲ့ တရားစွဲခဲ့ပေမယ့် တရားသူကြီးက ၂၀၂၃ မှာ အမှုပိတ်ခဲ့တာဖြစ် ပါတယ်။

အခု Meta ပေးမယ့် လျော်ကြေးငွေ ၂၅ သန်းထဲက ၂၂ သန်းက ထရမ့်ရဲ့ သမ္မတစာကြည့်တိုက် ရန်ပုံငွေထဲ ရောက်မှာဖြစ်ပြီး ကျန်တဲ့ ၃ သန်းက သက်သေနဲ့အမှုစရိတ် ပေးရမယ်လို့ ဇူကာဘတ်က ဆိုပါတယ်။ ထရမ့် သမ္မတဖြစ်လာပြီးနောက်မှာ အချက်အလက်ဆန်းစစ်တဲ့ အစီအစဉ်ဖျက်သိမ်းခဲ့တာ၊ အငြင်းပွားဖွယ် ခေါင်းစဉ်နဲ့ ပြောဆိုဆွေးနွေးတာတွေအပေါ် ဖြေလျှော့ခွင့်ပြုတာတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။