တရုတ်ရဲ့ မြေရှားကုန်သွယ်မှုကန့်သတ်ချက်တွေကြောင့် Optimus စက်ရုပ်တွေ ထုတ်လုပ်ဖို့ Tesla ကုမ္ပဏီ အခက်ကြုံနေပြီလို့ Tech explorers သတင်းမှာ ဖော်ပြထားပါတယ်။ စက်ရုပ်ထုတ်ရာမှာ အရေးပါတဲ့ မြေရှားတွေကို ကုန်သွယ်မှု ကန့်သတ်လိုက်တာကြောင့် အခုလို အခက်ကြုံနေတာ ဖြစ်ပါ တယ်။ တရုတ်ကလည်း သူ့မြေရှားကို စစ်ဘက်မှာ အသုံးပြုမှာကို စိုးရိမ်လို့ အခုလဆန်းလောက်ကပဲ မြေရှားသတ္တုဒြပ်စင်နဲ့ သံလိုက် ၇ မျိုးအတွက် တင်ပို့မှု ကန့်သတ်ချက်သစ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြေရှားလိုချင်ရင် ဘေဂျင်းက ကုန်သွယ်ရေးဝန်ကြီးဌာနကို အိတ်စ်ပို့လိုင်စင် တင်ရမှာဖြစ်ပြီး လိုင်စင် ခွင့်ပြုချက်ကျဖို့အတွက်ကတော့ ၆ ပတ်ကနေ ၈ ပတ် ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။မြေရှားသတ္တုသုံး အမြဲတမ်းသံလိုက်က လျှပ်စစ်ကားဘက်ထရီကနေ မီးချောင်းအထိနဲ့ စစ်ဘက်ဆိုင်ရာ ကနေ စမတ်ဖုန်းလို အီလက်ထရွန်းနစ်အစိတ်အပိုင်းတွေအထိ အသုံးပြုနိုင်ပြီး စက်ရုပ် ထုတ်လုပ်ရေး မှာလည်း အဲဒီ မြေရှားသတ္ထုက အဓိက လိုအပ်တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မြေရှားသတ္ထုသန့်စင်မှုရဲ့ ၉၀ ာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတဲ့ တရုတ်က terbium ၊ dysprosium စတဲ့ စက်ရုပ်၊ EV ကားနဲ့ ကာကွယ်ရေးစနစ်တွေမှာ သုံးတဲ့ စွမ်းရည်မြင့် သံလိုက်တင်ပို့မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။