အာကာသယာဉ်မှူး ၃ ယောက် ပါဝင်မယ့် Shenzhou-20 အာကာသယာဉ်ကို Jiuquan ဂြိုဟ်တုလွှတ်တင်ရေး စင်တာကနေ တရုတ်ကိုယ်တိုင် တည်ဆောက်ထားတဲ့ Tiangong အာကာသစခန်းဆီ လွှတ်တင်မှာဖြစ်ပြီး ၆ လ ခန့် ကြာမြင့်မှာဖြစ်တယ်လို့ CAN သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ လပေါ်ကို အာကာသယာဉ်မှူး တွေစေလွှတ်ဖို့နဲ့ လပေါ်မှာအခြေစိုက်ခန်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပြီး လူလိုက်ပါမယ့် အာကာသမစ်ရှင် အသစ်တစ်ခုကို အခုသီတင်းအတွင်း စတင်ဖို့ မျှော်လင့်ထားတာပါ။

လက်ရှိ လွှတ်တင်မယ့်နေရာမှာရှိတဲ့ အဆောက်အအုံတွေနဲ့ စက်ကိရိယာတွေက အခြေအနေကောင်းမွန်ပြီး စီစဉ် ထားတဲ့အတိုင်း ဆောင်ရွက်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လိုက်ပါမယ့် အာကာသယာဉ်မှူးတွေထဲမှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကိုတော့ အသေးစိတ်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။