Neuralink ရဲ့ ဦးနှောက်ချစ်ပ်ပြားထည့်သွင်းမယ့် တတိယမြောက် အစီအစဉ် စတင်တော့မှာဖြစ်ကြောင်း Elon Musk က ပြောကြားလိုက်တာကို VOA သတင်းမှာ ရေးသားထားပါတယ်။

အာရုံကြောစနစ်ကို စက်တွေနဲ့ ချိတ် ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Neuralink က သူ့ရဲ့ ဦးနှောက်-ကွန်ပျူတာ အင်တာဖေ့စ် ကုမ္ပဏီ Neuralink ကနေ တတိယမြောက်လူနာကို လက်ခံရရှိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။လွန်ခဲ့တဲ့ တစ်နှစ်ခန့်က လူနာတွေကို ပထမဆုံး ဦးနှောက်ချစ်ပ်ပြားထည့်သွင်းတာကနေစပြီး ကုမ္ပဏီအနေနဲ့ စက်ပစ္စည်းတွေနဲ့ ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံအောင် အဆင့်မြှင့်တင်တာတွေပြုလုပ်ခဲ့ကြောင်း Musk က ပြောကြားထားပါတယ်။

အခုနှစ်အတွင်းမှာလည်း Neuralink ရဲ့ ဦးနှောက်ချစ်ပ်ပြားထည့်သွင်းမယ့်အစီအစဉ်မှာ နောက်ထပ် လူနာ ၂၀ ကနေ ၃၀ အကြား စမ်းသပ်ကိရိယာတွေ တပ်ဆင်နိုင်ဖို့အတွက် မျှော်လင့်ထားကြောင်း Musk က ပြောကြားခဲ့ ပေမဲ့ နောက်ဆုံးလူနာဦးနှောက်ချစ်ပ်ပြားထည့်သွင်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားတာ မရှိသေးပါဘူး။