နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းတွေနဲ့ Hybrid စီမံကိန်းစက်ရုံ ၁၁ ရုံကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ တည်ဆောက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်၊၊

ဇန်နဝါရီလ ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအ နေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်၊၊လက်ရှိမှာ တည်ဆောက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေအနေနဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ ၄ ခု၊ မန္တလေးတိုင်းဒေသကြီးမှာ ၃ ခု၊ ပဲခူးတိုင်းဒေသကြီးမှာ ၁ ခုနဲ့ ရှမ်းပြည်နယ်မှာ ၁ ခု တို့ကို တပ်ဆင်နေပြီး စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ် ရှိပါတယ်၊၊

အဲဒီအပြင် ဆောင်ရွက်ဆဲဖြစ်တဲ့ Hybrid စီမံကိန်းတွေအနေနဲ့ မန္တလေးတိုင်းဒေသကြီးမှာ ၁ ခုနဲ့ မကွေးတိုင်း ဒေသကြီးမှာ ၁ ခုတို့က စုစုပေါင်း တပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ်ရှိပြီး တည်ဆောက်ဆဲ ဆိုလာနဲ့ Hybrid စီမံကိန်း တွေရဲ့ စုစုပေါင်း တပ်ဆင် အင်အားအနေနဲ့ ၁၀၂၆ မဂ္ဂါဝပ် ရှိတယ်လို့ ဆိုပါတယ်၊၊လက်ရှိနိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်း အင်သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၈ ရုံတို့ကနေ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ် ရှိတယ်လို့ သိရပါတယ်၊၊