၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သောကြာဂြိုဟ်ပေါ်မှာ ဆင်းသက်စေဖို့ ရည်ရွယ်ပြီး လွှတ်တင်ခဲ့တဲ့ ဆိုဗီယက် ခေတ် အာကာသယာဉ်တစ်စင်းဟာ သိပ်မကြာခင် ကမ္ဘာပေါ်ကို အထိန်းအကွပ်မဲ့ ပျက်ကျလာဖို့ ရှိနေတယ်လို့AP သတင်းဌာနမှာ ရေးသားထားပါတယ်။ အဲဒီအာကာသယာဉ်ကို ကော့စ်မို့စ် ၄၈၂ လို့ အမည်ပေးထားပြီး သောကြာဂြိုဟ်မစ်ရှင်တွေထဲက တစ်ခုအနေနဲ့ ၁၉၇၂ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုံးပျံချွတ်ယွင်းချက်တစ်ခုကြောင့် ကမ္ဘာပတ်လမ်းကြောင်းထဲကနေ ထွက်မသွားနိုင်ခဲ့ဘဲ ကမ္ဘာဂြိုဟ်ကို ဘဲဥပုံလမ်းကြောင်းတစ်ခုနဲ့ တဖြည်းဖြည်းနိမ့်ကျလာရင်း လှည့်ပတ်နေခဲ့တာ ၅၃ နှစ် ရှိသွားပါပြီ ဖြစ်ပါတယ်။တန်ချိန်တစ်ဝက်လောက်ရှိတဲ့ အဲဒီအာကာသယာဉ်ဟာ သိပ်မကြာခင် ကမ္ဘာပေါ် ပြန်ကျလာဖို့ ရှိနေပါတယ်။ ဘယ်အချိန် ဘယ်နေရာကို ကျလာမယ် ဆိုတာကိုတော့ သိရဖို့ အချိန်စောလွန်းနေသးတယ်လို့ အာကာသ အပျက်အစီး ရှာဖွေထောက်လှမ်းရေးကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။ ဒတ်ချ်သိပ္ပံပညာရှင် မာကိုလန်း ဘရုတ်ခ်ကတော့ မေ ၁၀ ရက် ဝန်းကျင်လောက် ကမ္ဘာပေါ်ပြန်ကျလာဖို့ ရှိနေပြီး သမုဒ္ဒရာထဲကိုပဲ ပျက်ကျဖို့ အလားအလာ များတာကြောင့် သိပ်ပြီးပူပန်စရာမရှိဘူးလို့ ဆိုပါတယ်။