Google မိခင်ကုမ္ပဏီ Alphabet က ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံပေးပြီး ဝယ်ယူတော့မှာဖြစ်ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြင့်တက်နေတဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ တိုးတက်မှုတွေအကြား cloud computing အပိုင်း မြှင့်တင်ဖို့အတွက် ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ Wiz ကို ဝယ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အနှောင့်အယှက်အတားအဆီးတွေမရှိဘဲ အရောင်း အ၀ယ် ဖြစ်သွားရင် Alphabet ကုမ္ပဏီသမိုင်းမှာ ၂၅ နှစ်တာ ကာလအတွင်း စံချိန်တင် စျေးအကြီးဆုံး ဝယ်ယူမှု တစ်ခု ဖြစ်လာမှာပါ။အဲဒီဝယ်ယူမှုက Google ဝန်ဆောင်မှုတွေအတွက် လုံခြုံရေးကို ပိုမိုပေးဆောင်မယ့်အပြင် cloud-computing လုပ်ငန်းမှာ ယှဉ်ပြိုင်ဖို့အတွက် နည်းပညာမြင့် အရှိန်အဟုန်အသစ်တွေလည်း ရရှိစေမှာဖြစ်ပါတယ်။

Wiz နဲ့ Google Cloud တို့ပူးပေါင်းမှု အောင်မြင်ခဲ့မယ်ဆိုရင် cloud လုံခြုံရေးကို ပိုမိုလွယ်ကူစွာ သုံးပြုနိုင်ကာ cloud နဲ့ AI ကို လုံခြုံစွာ လက်ခံအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါ တယ်။ အဲဒီသဘောတူညီချက်က AI ခေတ်မှာ ကြီးမားပြီးကျယ်ပြန့်လာတဲ့ လမ်းကြောင်းနှစ်ခုကို အရှိန်မြှင့်ဖို့ အပြင် ပိုမိုကောင်းမွန်တဲ့ cloud လုံခြုံရေးဝန်ဆောင်မှုရရှိစေရေးကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။