သာမန် 4G/5G စမတ်ဖုန်းတွေကို အသုံးပြုပြီး ကမ္ဘာပေါ်မှာ ပထမဆုံး အာကာသဗီဒီယိုကော ခေါ်ဆိုမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Vodafone ကုမ္ပဏီက ကြေညာထားတာကို BBC သတင်းမှာ ရေးသားထားပါတယ်။စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အာကာသနဲ့ မြေပြင်ကွန်ရက်အကြား တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဝေလံခေါင်ဖျားတဲ့နေရာတွေမှာ ဗီဒီယိုခေါ်ဆိုမှုတွေ ပြုလုပ်တာ၊ အင်တာနက် အသုံးပြုတာနဲ့ အွန်လိုင်းစာတိုပေးပို့တာတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။အာကာသယာဉ်မှူး Tim Peake နဲ့ Vodafone Group အမှုဆောင်အရာရှိချုပ်တို့က AST SpaceMobile ရဲ့ BlueBird ဂြိုဟ်တုကနေတစ်ဆင့် စမတ်ဖုန်းတွေကို အာကာသဗီဒီယိုကောခေါ်ဆိုမှု ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီအပြင် ဝေးလံခေါင်သီပြီး တောင်ထူထပ်တဲ့ နေရာတွေမှာလည်း သမိုင်းဝင် အာကာသအခြေပြု ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့တာလည်း အောင်မြင်ခဲ့တယ်လို့ Vodafone Group အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

Vodafone ရဲ့အလုပ်က ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုဝေးလံခေါင်းဖျားတဲ့နေရာတွေမှာပဲဖြစ်ဖြစ် လူတစ် ယောက်နဲ့တစ်ယောက် အခက်အခဲမရှိ ချိတ်ဆက်ပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်သလို ခေတ်မီဂြိုဟ်တု နည်းပညာတွေကို ဖြည့်စွက်ပြီး သုံးစွဲသူတွေကို အကောင်းဆုံးကွန်ရက် ဝန်ဆောင်မှုတွေ ယူဆောင်လာမယ်လို့ Vodafone ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။