အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ AI အခြေခံအဆောက်အအုံ တိုးချဲ့ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ Amazon က ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေကြောင်း Reuters သတင်းမှာ ရေးသားထား ပါတယ်။ Cloud ယူနစ် Amazon Web Services(AWS)ရဲ့ AI အခြေခံအဆောက်အအုံတိုးချဲဖို့နဲ့ ပိုမို တိုးတက် ကောင်းမွန်လာစေဖို့အတွက် အခုလို ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ရတာဖြစ်တယ်လို့ Amazon ကုမ္ပဏီက ပြောရေး ဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။

Cloud ယူနစ်ဟာ cloud computing နဲ့ AI နည်းပညာတွေကို ပံ့ပိုးပေးဖို့အတွက် ဂျော်ဂျီယာမှာ AI အခြေခံ အဆောက်အဦတွေ တိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီရင်းနှီးမြှုပ်နှံမှုကနေ အနည်းဆုံး အလုပ်အကိုင်သစ် ၅၅၀ နီးပါး ဖန်တီးနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။

စွမ်းဆောင်ရည်ရှိတဲ့ AI ဟာ အဆင့်မြင့် cloud အခြေခံအဆောက်အအုံနဲ့ စီမံဆောင်ရွက်မှုစွမ်းအားအတွက် လိုအပ်ချက်ကို မြှင့်တင်ပေးပြီး ဒီရင်းနှီးမြှုပ်နှံမှုတွေက ဂျော်ဂျီယာရှိ ဒေတာစင်တာတွေမှာ AI အနာဂတ်ကို ပံ့ပိုးပေးမှာဖြစ်ကြောင်း Amazon ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ကလည်း အလေးပေး ပြောကြားထားပါတယ်။