ဂျပန်လေကြောင်းလိုင်းတွေဟာ ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဆိုက်ဘာတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြ ပါတယ်။

ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် All Nippon Airways(ANA)ပြီးရင် ဂျပန်နိုင်ငံမှာ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းတစ်ခုရဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် ၂၄ ခုကို နာရီဝက်ကျော် ရွှေ့ဆိုင်းလိုက်ရတယ်လို့ သက်ဆိုင်ရာဝာာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

လေကြောင်းလိုင်းရဲ့ ခရီးဆောင်အိတ်တွေအပ်တဲ့စနစ်မှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ဂျပန်လေဆိပ် တော်တော်များများမှာ ပြည်တွင်းပြည်ပ ခရီးစဉ်တွေ နှောင့်နှေးခဲ့ တာကလွဲလို့ ဘာပြဿနာမှ မဖြစ်ခဲ့ဘူးလို့ ဂျပန်သတင်းဌာန NHK က ပြောပါတယ်။ ကွန်ရက်ပြတ်တောက်မှုက ဒီဇင်ဘာ ၂၆ ရက် မနက် ၇ နာရီ ၂၄ မိနစ်လောက်မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။