အာရှမှာ အကြီးမားဆုံးဖြစ်လာမဲ့အပြင် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တောင် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အကြီးမားဆုံး ဒရုန်းပြပွဲကြီး စတင်ကျင်းပနေပြီဖြစ်တယ်လို့ The Korea Times သတင်းမှာ ရေးသားထားပါတယ်။ ကာကွယ်ရေးနဲ့အာကာသစခန်းတွေကနေ နောင်အနာဂတ် ရွေ့လျားသွားလာမှု တွေအထိ အမျိုးမျိုးသော စက်မှုလုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်မဲ့ ဒရုန်းနည်းပညာတွေကို ပြသသွားမှာဖြစ်ပါ တယ်။

2025 DSK ဒရုန်းနည်းပညာပြပွဲကြီး ကို ဘူဆန်မြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်က စတင်ကျင်းပခဲ့တာပါ။ဒရုန်းနည်းပညာပြပွဲကြီးမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံက ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရဲ့ ဒရုန်းနည်းပညာတွေ ပြသသွား မှာဖြစ်ပြီး ဒီပြပွဲဟာ ၁၀ နှစ်တာ သမိုင်းတစ်လျှောက် အကြီးမားဆုံး နည်းပညာပြပွဲတစ်ခုဖြစ်လာမယ်လို့လည်း တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောကြားထားပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားလေကြောင်းလိုင်းတွေ၊ Korea Aerospace Industries နဲ့ LIG Nex1 လို ကိုရီးယားအာကာသယာဉ်နဲ့ ကာကွယ်ရေးကုမ္ပဏီကြီးတွေကလည်း ပါဝင်ပြသမှာ ဖြစ်ပါတယ်။

ဒရုန်းဟာ AI ခေတ်မှာ သိသာထင်ရှားတဲ့ စက်မှုလုပ်ငန်းသစ်တစ်ခုဖြစ်ပြီး မဟာဗျူဟာကျတဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းတစ်ခု လည်း ဖြစ်ပါတယ်။ပြပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ဒေသတွင်း ဒရုန်းစက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပြီး ကာကွယ် ရေးအတွက် ဒရုန်းလို အခြားအဆင့်မြင့်နည်းပညာတွေ ပေါင်းစပ်ကာ နိုင်ငံလက်နက်တင်ပို့မှုကို မြှင့်တင်ဖို့ အဓိက ထား ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောဆိုထားပါတယ်။