အမေရိကန်ပြည်ထောင်စု အရီဇီုးနားပြည်နယ်မှာ အဆင့်မြင့် 4-nanometer(နာနိုမီဝာာ)ချစ်ပ်ပြားတွေကို Semiconductor Manufacturing ကုမ္ပဏီ TSMC က စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း The verge သတင်းမှာ ရေးသားထားပါတယ်။

ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးကြိုးပမ်းမှု မှတ်တိုင်တစ်ခုအနေနဲ့ အမေရိကန် ပြည်ထောင် စုမှာရှိတဲ့ သုံးစွဲသူတွေအတွက် အဆင့်မြင့် 4-nanometer ချစ်ပ်ပြားတွေ စတင်ထုတ်လုပ်နေပြီလို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးတစ်ယောက်က ပြောပါတယ်။ TSMC ဟာ ဒုတိယမြောက် အရီဇိုးနားစက်ရုံကနေ ထုတ်လုပ် မယ့် အဆင့်အမြင့်ဆုံး 2-nanometer နည်းပညာကို ထုတ်လုပ်မှာဖြစ်ပြီး အဲဒီနည်းပညာကို လာမယ့် ၂၀၂၈ ခုနှစ် မှာ စတင်ထုတ်လုပ်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အမေရိကန် ကူးသန်းရောင်း ဝယ်ရေးဌာနကနေ TSMC ကုမ္ပဏီကို ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံအထိ ထောက်ပံ့ငွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ TSMC ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ထိပ်တန်း ချပ်စ်ပြား ထုတ်လုပ်သူဖြစ်ပြီး Apple နဲ့ Nvidia တို့ကို အဓိက ပစ္စည်းတွေ ပေးသွင်းနေတာလည်း ဖြစ်ပါတယ်။