မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံမှာ ဩဂုတ်လ(၇)ရက် နေ့လယ်(၂)နာရီ (၁၅)မိနစ်အချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုကို (၂)နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီ အမှိုက်ပုံမီးကို အုပ်ချုပ်မှုယာဉ်၊ ရေသယ်ယာဉ်၊ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၁၇ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပါတယ်။ မီးငြှိမ်းသတ်တာကို (၂)နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး ညနေ(၄)နာရီ မိနစ်(၄၀)အချိန်လောက်မှာ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း တောင်အင်းမြောက်အင်း အမှိုက်ပုံမှာ ၁၀ နာရီကျော်ကြာ မီးလောင်ခဲ့ပြီး လူနေ အိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။