AI ဟာ တော်တော် အစွမ်းထက်လာပြီဖြစ်ပြီး နယ်ပယ်မျိုးစုံမှာ တွင်ကျယ်စွာ အသုံးပြုလာကြတာကို တွေ့ရပါ တယ်။ အခုတော့ AI နည်းပညာဟာ မျက်မမြင်တွေအတွက် အကျိုးများစွာ ရှိလာပြီ ဖြစ်ပါတယ်။

ရိုမေးနီးယား အခြေစိုက် Lumen ကုမ္ပဏီဟာ Consumer Electronics Show (CES) 2025 နည်းပညာပြပွဲမှာ မျက်မမြင်တွေ အတွက် AI မျက်မှန်ကို မိတ်ဆက်ပြသလိုက်ပါတယ်။ မျက်မမြင်တွေဟာ အဲဒီမျက်မှန်ကို တပ်ဆင်ထားရင် တခြားလူရဲ့ အကူအညီမလိုဘဲ လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီမျက်မှန်မှာ ကားတွေမှာပါတဲ့ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းထားတယ်လို့ Lumen ကုမ္ပဏီက ဆိုပါတယ်။ အဲဒီမျက်မှန် တပ်ဆင်ထားသူဟာ ပတ်ဝန်း ကျင်က အရာတွေကို အာရုံခံနိုင်ပြီး 3D Mapping လည်း ပြုလုပ်နိုင်ပါတယ်။

အဲဒီကနေ အသံနဲ့ ဝတ်ဆင်ထား သူကို လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။ လှေခါးတွေလို အတားအဆီးတွေကိုလည်း ဖြတ်သန်းသွားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ တစ်ကမ္ဘာလုံးက မျက်မမြင် ၃၀၀ ကျော်နဲ့ အဲဒီ AI မျက်မှန်ကို စမ်းသပ်ခဲ့ပြီး အလွန် အသုံးဝင်တယ်ဆိုတဲ့ Feedback တွေလည်း ရရှိထားတာ ဖြစ်ပါတယ်။