AI ကိုအသုံးပြုပြီး ကိုယ်ပိုင် AI ဗီဒီယိုကလစ်တွေ ဖန်တီးပေးနိုင်မယ့် Sora(ဆော်ရာ)အမည်ရှိ ဆော့ဝဲလ်အသစ်ကို OpenAI က မိတ်ဆက်လိုက်ပါတယ်။

Sora ဟာ OpenAI ကထုတ်လုပ်လိုက်တဲ့ ဗီဒီယိုမျိုးဆက်အသစ်ဖြစ်ပြီး ChatGPT အသုံးပြုသူတွေအနေနဲ့ စာသား၊ ဓာတ်ပုံတွေနဲ့ အခြားဗီဒီယိုတွေကို အသုံးပြုပြီး ကိုယ်ပိုင် AI ဗီဒီယို ကလစ်တွေ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ AI ရုပ်ပုံနဲ့ ဗီဒီယိုကိရိယာအများစုလို စာသားထည့်သွင်းနိုင်ပြီး ပရိုဂရမ် ကနေ ကလစ်တိုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

Sora ကိုအသုံးပြုပြီး ပုံရိပ်အရည်အသွေး 480 p ကနေ 1080 p ကြားရရှိဖို့အတွက် ၅ စက္ကန့်ကနေ စက္ကန့် ၂၀ အထိ ကြာမြင့်မှာဖြစ်ပါတယ်။ OpenAI မိတ်ဆက်ထားတဲ့ image generator Dall-E3 နဲ့ ဆင်တူပေမယ့် Sora ကို အခကြေးငွေပေးသုံးပြီးအသုံးပြုရမှာဖြစ်တယ်လို့ OpenAI အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။