အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ပထမဆုံး လီသီယမ် သန့်စင်စက်ရုံအသစ်ကို Tesla ကုမ္ပဏီက ဖွင့်လှစ်ခဲ့ကြောင်း Teslarati သတင်းမှာ ရေးသားထားပါတယ်။ ကုမ္ပဏီဟာ လီသီယမ်သန့်စင်စက်ရုံမှာ အသုံးပြု မယ့် ကုန်ကြမ်းတွေကို ပထမဆုံး မိတ်ဆက်ပြသခဲ့ပြီး ဒါဟာ အမေရိကန်မှာ အကြီးမားဆုံး လီသီယမ် သန့်စင် စက်ရုံ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အဲဒီလီသီယမ် သန့်စင်တဲ့ စက်ရုံကနေ နှစ်စဉ် ဘက်ထရီ 50 GWh နီးပါး ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ စက်ရုံဆောက်လုပ်ပြီး တစ်နှစ်ကျော်အကြာမှာ စတင်ဖွင့်လှစ်နိုင်ခဲ့ တာဖြစ်ပြီး လစ်သီယမ် သန့်စင်တဲ့စက်ရုံတွေ ထပ်မံဆောက်လုပ်ဖို့လည်း စီစဉ်နေတယ်လို့ Tesla ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။

ဒါဟာ Tesla ကုမ္ပဏီရဲ့ အက်ဆစ်ကင်းစင်တဲ့ လီသီယမ်သန့်စင်မှုလမ်းကြောင်းကို စက်မှုလုပ်ငန်းဖြန့်ကြက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုက ရေရှည်တည်တံ့တဲ့ စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ဖို့နဲ့ မစ်ရှင်အတွက် အရေးကြီးပြီး မြောက်အမေရိက မှာ ရရှိနိုင်တဲ့ ဘက်ထရီအဆင့် လစ်သီယမ်ဟိုက်ဒရောဆိုဒ် ထောက်ပံ့မှုကို တိုးမြှင့်ဖို့လည်း ရည်မှန်းထားတာ ဖြစ်ပါတယ်။