ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေတဲ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားဟာ လက်ရှိအချိန် မှာ ၈၅ ရာခိုင်နှုန်းထိ ပြီးစီးပြီ ဖြစ်တယ်လို့ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက One News ကို ပြောပါတယ်။

လက်ရှိမှာတော့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းမှာ ပင်မတံတား တည်ဆောက်ရေးလုပ် ငန်းတွေသာ ကျန်ရှိတော့တာပါ။ တံတားကြီးကတော့ အခုနှစ် နှစ်ကုန်ပိုင်းမှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပြီး သတ်မှတ်ချိန်အတွင်း အမြန်ဆုံး ပြီးစီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောပါတယ်။အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ ရန်ကုန်ဒလတံတား သင်္ဘောတိုက်မိလို့ ကျိုးကျတယ်ဆိုပြီး ကောလာ ဟလ သတင်းတွေ ပျံ့နှံ့နေတဲ့အပေါ် သတင်းတု တင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး တရားစွဲအရေးယူသွားဖို့ ရှိ တယ်လို့လည်း ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သင်္ဘောတိုက်မိတဲ့တံတားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်နေစဉ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က မြစ်ကူးတံတားကို သင်္ဘောဝင်တိုက်မှု ဖြစ်စဉ် ဖြစ်ပွားတဲ့ပုံ ဖြစ်တယ်လို့ သိရပါတယ်။ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှုရန်ပုံငွေ ချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်လောက် အကုန်ကျခံပြီး တည်ဆောက် နေတာ ဖြစ်ပါတယ်။