ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြိုမှာ မေ ၂၃ ရက်ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး မေ ၂၄ ရက် မနက်ပိုင်းက မြိုပေါ်ရပ်ကွက်တချိုမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တယ်လို သိရပါတယ်။

မယ်ခေါင်ရပ်ကွက်အတွင်း မြိုပတ်လမ်းမှာ (၁)ပေခွဲခန့် ရေဝင်ရောက်ခဲ့ပြီး တခြားရပ်ကွက်တွေဖြစ်တဲ့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နဲ့ ဗိုလ်ချုပ်လမ်းရှိ ပုံလိုလမ်းဆုံ မီးပွိင့်တိုမှာလည်း သွားလာရခက်ခဲတဲ့အထိ ရေကြီးရေလျှံမှုဖြစ်ခဲ့တယ်လို ဆိုပါတယ်။ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ နေရာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲတွေက ကွင်းဆင်းစစ်ဆေးပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာရင် ဆုံးရှုးမှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတယ်လို သိရပါတယ်။

မေလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နမနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တာချီလိတ်မြိုမှာ မိုးရေချိန် ၂ ဒဿမ ၇၀ လက်မ ရွာသွန်းခဲ့ပြီး မယ်ဆိုင်ချောင်းရေမှတ်ကလည်း ၃၅၀ စင်တီမီတာမှာ ရောက်ရှိနေတယ်လို သိရပါတယ်။