မြန်မာနိုင်ငံမှာ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက ဘိလပ်မြေ ၂၇၅ တန်ကို လွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့ပါတယ်။အဲဒီ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို မေ ၂၆ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ သီလဝါ MITT ဆိပ်ကမ်းမှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အာဘ်ဟေး တာကူးရ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။

အခုလွှဲပြောင်းပေးတဲ့ ဘိလပ်မြေရဲ့ တစ်စိတ်တစ်ပိုင်းကို အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းရဲ့ ကလေးဝ-ယာကြီး လမ်းပိုင်းအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သဘာဝဘေးကယ်ဆယ်ရေးနဲ့ဆေးဝါးအကူအညီတွေအပါအဝင် လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေပေးဖို့အ တွက် Operation Brahma (ဗြဟ္မာစီမံချက်)ကို ဆောင်ရွက်ခဲ့ပါသေးတယ်။