ငလျင်ဒဏ်ခံစားခဲ့ရတဲ့ နေအိမ်တိုက်တာ အဆောက်အအုံတွေမှာ ပြန်လည် နေထိုင်နေကြတဲ့သူတွေအနေနဲ့ အဆောက်အအုံအတွက် သံသယစိတ် ရှိပါက စစ်ဆေးဖို ခေါ်ယူနိုင်တယ်လို မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။

အဲဒီလို စစ်ဆေးဆောင်ရွက်နိုင်ဖိုအတွက် လုပ်အားပေး အင်ဂျင်နီယာတွေ ပါဝင်တဲ့ Earthquake Clinic ကို ငလျင် ဒဏ်သင့်ခဲ့တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့မြိုကြီးတွေမှာ ဧပြီ(၉)ရက်က စတင် ဖွဲစည်းထား ပြီး အခမဲ့ စစ်ဆေးတာတွေ ဆောင်ရွက်ပေးနေကြတာပါ။ငလျင်သင့်ခဲ့တဲ့ အဆောက်အအုံတွေမှာ ပြန်နေဖို စိတ်မချသူတွေအနေနဲ့ ပြန်စစ်ပေးတဲ့ အဖွဲတွေကို ခေါ်ပြီး စစ်ဆေးနိုင်တယ်လို မြန်မာနိုင်ငံ ငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က အခုလို ပြောပါတယ်။ လုပ်အားပေး အင်ဂျင်နီယာတွေကို အွန်လိုင်းသင်တန်းတွေ ပိုချပေးထာတာလို ဆိုပါတယ်။ သူတိုအဖွဲဟာ မြိုနယ်တွေရှိ လမ်းအလိုက် စစ်ဆေးတာတွေ ရှိသလို ဖုန်းဆက်ခေါ်ရင်လည်း သွားရောက်စစ်ဆေးပေးတယ်လို သိရပါတယ်။

Earthquake Clinic တွေကို ဖွဲစည်းခဲ့တာဟာ ငလျင်အပြီး အဆောက်အအုံတွေရဲ့ အသုံးပြုနိုင်မှု အခြေအနေတွေ ကို အကဲဖြတ်တာ၊ ပြန်လည် အသုံးပြုနိုင်မယ့် အဆောက်အအုံတွေကို အလျင်အမြန် ပြန်လည်အသုံးပြုနိုင်ဖို စိစစ် ပေးတာနဲ့ အရေးပေါ်တုံပြန်တဲ့ လုပ်ငန်းဆောင်ရွက်မယ့်လုပ်ငန်းတွေ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး လိုအပ်ချက်တွေကို တစ်နေရာတည်း စုစည်းကာ အထောက်အပံ့တွေ ပေးနိုင်ဖို ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ငလျင်ဒဏ် ခံစားခဲ့ရတဲ့ အဆောက်အအုံတွေကို ပြန်လည်အသုံးပြုနိုင်စွမ်း ဆန်းစစ်တာတွေ ပြုလုပ်ပြီးနောက် ပြန် လည်ပြုပြင်တဲ့လုပ်ငန်းတွေအတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးနိုင်ဖိုကိုလည်း လုပ်အားပေး အင်ဂျင်နီယာ တွေက ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို သိရပါတယ်။