ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံ အမှတ်(၅၄)ကို ကျပ်ဘီလီယံ (၂၇၀)နဲ့ စတုတ္ထအကြိမ် လေလံ တင် ရောင်းချတာကို ဧပြီ ၂၉ ရက်၊ မနက် ၁၀ နာရီလောက်က ပြုလုပ်ခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက One News ကို ပြောပါတယ်။လေလံတင် ရောင်းချမှုကိုတော့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ်(၅၄)ရှေ့မှာ ကျင်းပခဲ့ တာဖြစ်ပြီး လေလံဆွဲ ဝယ်ယူတဲ့သူ တစ်ယောက်မှ မရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စတုတ္ထအကြိမ် လေလံတင် ရောင်းချမှု မအောင်မြင်တဲ့အကြောင်း ဧပြီ ၃၀ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးကို အစီရင်ခံစာ ပြန်တင်သွင်းရမှာ ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ပြောပါတယ်။ခြံအမှတ်(၅၄)ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလီယံ နဲ့ ပထမအကြိမ် လေလံတင် ရောင်း ချတာ၊ ဩဂုတ် ၁၅ ရက်က ကျပ်ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင် ရောင်းချတာနဲ့ ဖေဖော်ဝါရီ ၅ ရက် က ကျပ် ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် လေလံတင် ရောင်းချတာတွေမှာလည်း ဝယ်ယူတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက်နဲ့ ခြံအမှတ် (၅၄)ဟာ ဧရိယာအနေနဲ့ ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။