ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ်(၅၄)ကို တစ်ဝက်ခွဲ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က လျှောက်ထားချက်အပေါ် ဇွန် ၁၂ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးက ပယ်ချလိုက်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက One News ကို ပြောပါတယ်။အဲဒီပယ်ချတဲ့ အမိန့်အပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

နေအိမ်ခြံ အမှတ်(၅၄)ကို တစ်ဝက်ခွဲရောင်းချဖို့ လျှောက်ထားမှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ က ဇွန် ၅ ရက် ရုံးချိန်းမှာ ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်။ဧရိယာအနေနဲ့ ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတဲ့ ခြံအမှတ်(၅၄)ရှိ မြေ ၀ ဒသမ ၉၂၃ ဧကကို ချန်ပြီး ကျန်တဲ့ မြေတစ်ဧကကို အရင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က မေ ၂၉ ရက် ရုံးချိန်းမှာ လျှောက်ထားခဲ့တာ ဖြစ်ပါ တယ်။နေအိမ်ခြံ အမှတ်(၅၄)ကို ကျပ်ဘီလီယံ (၂၇၀)နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က စတုတ္ထအကြိမ် လေလံတင် ရောင်းချခဲ့ ရာမှာလည်း လေလံဆွဲ ဝယ်ယူတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။