ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံ အမှတ်(၅၄)ကို ကျပ် ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် လေလံတင် ရောင်းချပွဲကို ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၁၀ နာရီကျော်လောက်က ပြုလုပ်ခဲ့ရာ ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။ တတိယအကြိမ် လေလံပွဲမှာတော့ တရားရုံးအရာရှိက လေလံဝယ်ယူမယ့်သူ ရှိပါ သလားလို့ သုံးကြိမ်သုံးခါ မေးမြန်းခဲ့ပေမယ့် ဝယ်ယူမယ့်သူ တစ်ယောက်မှ မရှိခဲ့တာပါ။

လေလံပွဲကိုတော့ ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ စိတ်ဝင်စားသူ ပြည်သူတွေ လာရောက်တာ တွေ့ရပါတယ်။တတိယအကြိမ် လေလံတင်ရောင်းချမှုနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၆ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးကို အစီရင် ခံစာ ပြန်တင်သွင်းရမှာ ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက One News ကို ပြောပါတယ်။ခြံအမှတ်(၅၄)ကို တတိယအကြိမ် လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံနဲ့ လေလံတင် ရောင်းချဖို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်းမှာ ကမာရွတ်ခရိုင်တရားရုံးက သတ်မှတ်ခဲ့တာပါ။

ခြံအမှတ်(၅၄)ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလီယံနဲ့ ပထမအကြိမ် လေလံတင် ရောင်း ချခဲ့ရာ ဝယ်တဲ့သူ တစ်ယောက်မှ မရှိခဲ့သလို ဩဂုတ် ၁၅ ရက်က ကျပ်ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင် ရောင်းချခဲ့ရာမှာလည်း ဝယ်တဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက်နဲ့ ခြံအမှတ်(၅၄) ဟာ ဧရိယာအနေနဲ့ ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။