တရားစီရင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် AI ဥာဏ်ရည်တုနည်းပညာကို အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင် လေ့လာထားကြဖို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က တိုင်းဒေသ ကြီး/ပြည်နယ် တရားလွှတ်တော်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်တရားရုံး တွေက တရားသူကြီးချုပ်တွေ၊ တရားသူကြီးတွေကို ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တွေ့ ဆုံရာမှာ လမ်းညွှန်မှာကြားခဲ့ တာပါ။

တရားစီရင်ရာမှာ ဥပဒေနဲ့အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြဖို့နဲ့ ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီ ရင်ရေးစနစ် ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောပါ တယ်။ အချုပ်တရားခံပါ အမှုတွေကို ကြန့်ကြာမှု မရှိစေဘဲ စစ်ဆေးကြဖို့နဲ့ ခံဝန်အမှုတွေကို ပြီးသင့်ပြီးထိုက်တဲ့ အချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရားသူကြီးတွေအနေနဲ့ တရားစီရင်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရုံမျှနဲ့ လုံလောက်ပြီလို့ ဆိုနိုင်မှာ မဟုတ်ဘဲ ပြောင်းလဲနေတဲ့ ခေတ်ကို မျက်ခြည်မပြတ် လေ့လာပြီး ခေတ်နဲ့အညီ မိမိရဲ့ ကိုယ်ပိုင် အရည်အချင်းတွေ တိုးတက်မြင့်မာရေးကိုလည်း အလေးပေးဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးက မှာကြားခဲ့ပါတယ်။