မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားခွင် တွေကို ဧပြီ ၂၃ ရက်ကစပြီး ဇေယျာသီရိခရိုင်တရားရုံးမှာ ယာယီတရားခွင် ဖွင့်လှစ်ပြီး ရုံးထိုင် ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ စုံညီခုံရုံး၊ အထူးအယူခံခုံရုံး၊ အထူးခုံရုံး၊ ရာဇဝတ်ဆိုင်ရာနဲ့ တရားမမှု ဆိုင်ရာအယူခံပြင်ဆင်မှုတွေအတွက် တရားခွင်တွေ ပြင်ဆင်ပြီး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ယာယီတရားခွင်ဆိုပေမဲ့ တရားခွင်အဆင့်အတန်းမီစေဖို့ ဆောင်ရွက်သွားမှာြဖစ်ပြီး Open Court ဖြစ်တဲ့အတွက် အမှုသည်တွေ၊ ရှေ့နေတွေ၊ လေ့လာလိုသူတွေနဲ့ သတင်းမီဒီယာတွေကို တရားခွင်အတွင်း ဝင်ရောက်လေ့လာခွင့် ပြုသွားမှာြဖစ်တယ်လို့ သိရပါတယ်။ပြည်သူတွေရဲ့ ဥပဒေဘောင်ထဲက အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှု မဖြစ်ပေါ်စေဖို့ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ကို တင်သွင်းမဲ့ အမှုတွေကို ရုံးဖွင့်ရက်တွေမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမှုလက်ခံကောင်တာ မှာ အရင်အတိုင်း လက်ခံဆောင်ရွက်ပေးနေပြီး ကြိုတင်သတိပေး အမှုခေါ်စာရင်းနဲ့ ဆောင်ရွက်ချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တွေရဲ့ ကြော်ငြာသင်ပုန်းတွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။