ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပန်မြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင်ဓားပြတိုက်မှုက ကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းမိထားတယ်လို့ ‘ဝ’ သတင်းတွေကို ဖော်ပြနေတဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

အခင်းဖြစ်စဉ်ကတော့ ဩဂုတ် ၃ ရက်၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်လောက်က ဟိုပန်မြို့ရှိ Moon Sun ကုန်စုံဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ပိုင်ရှင် မိသားစုဝင်လေးယောက် အပြင်းအထန်ဒဏ်ရာရတဲ့အတွက် ဟိုပန်ဆေးရုံကို ပို့ဆောင်ရာ ရှစ်နှစ်အရွယ်ကလေးသေဆုံးခဲ့ပါတယ်။

အခင်းဖြစ်ပြီးနောက် ဟိုပန်ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေက ကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။ အခုလို ကုန်စုံဆိုင်ဓားပြတိုက်တဲ့အမှုထဲမှာတော့ ကြံရာပါအဖြစ် ဆိုင်ဝန်ထမ်းလည်း ပါဝင်ပတ်သက်နိုင်တယ်လို့ ဖော်ပြချက်အရသိရပါတယ်။