ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းကို အာကာသပြခန်းအဖြစ်အဆင့်မြှင့်တင်နေတယ်လို့သိရပါတယ်။
အောက်တိုဘာ ၈ ရက်မှာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီပြခန်းကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက် နစက ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေဟာ နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက် ပြသထားရှိမှုတွေနဲ့ ကြယ်နက္ခတ်တာရာတွေလေ့လာတဲ့ပြကွက်တွေကို ကြည့်ရှုခဲ့ကြပါတယ်။
နက္ခတ်တာရာပြခန်းကို ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသားလူငယ်တွေနဲ့ပြည်သူတွေ နက္ခတ်တာရာသိပ္ပံဆိုင်ရာဗဟုသုတတွေ တိုးပွားလာစေရေး၊ ပညာပေးရေးနဲ့ အပန်းဖြေပျော်ရွှင်စေရေးတို့အတွက် ဖွင့်လှစ်ခဲ့တာလို့သိရပါတယ်။