မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေမှာ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ရာမှာ ပိုမိုပူးပေါင်း ဆောင် ရွက်ဖို့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက် ကျင်းပတဲ့ အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးအတွင်း ဆွေးနွေးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရာမှာ လုံခြုံမှု ဆန်းသစ်တီထွင်မှုနဲ့ အားလုံးပါဝင်နိုင်မှု ဆိုတဲ့အပေါ် အခြေခံပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေက ယုံကြည်မှု မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ အား လုံးပါဝင်တဲ့ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရာမှာ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ဒစ် ဂျစ်တယ် ဝန်ဆောင်မှုတွေကို အဓိပ္ပာယ်ရှိရှိ အသုံးပြုနိုင်ရေးအတွက် ဒစ်ဂျစ်တယ် တတ်မြောက်ခြင်း အစီအစဉ် တွေကိုလည်း အလေးပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆွေးနွေးပြော ကြားခဲ့ပါတယ်။

အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေး တက်ရောက်စဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးတို့ ဟာ ဇန်နဝါရီ ၁၆ ရက်က သီးခြားတွေ့ဆုံပြီး ထိုင်း-မြန်မာနှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ် နင်းဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။