နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန် ၁၂ ရက်က အိန္ဒိယနိုင်ငံ အမီဒါဘတ်မြို့အနီးမှာ အိန္ဒိယလေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူနဲ့ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီတို့ထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဝမ်းနည်းကြောင်း သဝဏ်လွှာထဲမှာတော့ အခုလို ဝမ်းနည်းပူးဆွေးရတဲ့ အချိန်ကာလမှာ မြန်မာအစိုးရနဲ့ ပြည်သူ တွေကိုယ်စား မိမိအနေနဲ့ အဆွေတော်တွေနဲ့ အိန္ဒိယပြည်သူတွေထံ ဝမ်းနည်းကြောင်းနဲ့ စာနာထောက်ထား ကြောင်း ဖော်ပြထားပါတယ်။အခုလို ဆိုးရွားတဲ့ မတော်တဆ ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက် ခံစား ရသူ အားလုံးအတွက် မိမိတို့က သတိရအောက်မေ့ပြီး ဆုမွန်ကောင်းတွေ ပို့သပေးနေတယ်လို့ ဆိုပါတယ်။အခုလို ဝမ်းနည်းပူးဆွေးရတဲ့ အချိန်မှာလည်း မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည် နေပါကြောင်းနဲ့ အဆွေတော်တွေကို အစဉ် ချစ်ကြည်အလေးထားပါကြောင်းလည်း သဝဏ်လွှာတွေထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း အမီဒါဘက်မြို့ကနေ ဗြိတိန် ဂိတ်ဝှစ်လေဆိပ်ကိုသွားမယ့် လူပေါင်း ၂၄၂ ယောက် လိုက်ပါလာတဲ့ အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ ဇွန် ၁၂ ရက် မွန်းလွဲပိုင်းက ပျံတက်ပြီး မိနစ်ပိုင်းအတွင်းမှာ ပျက်ကျခဲ့ရာ လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။