မိမိတို့နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အမှန်တရားဘက်က အရှိအတိုင်း ရပ်တည်ပေးတဲ့ နိုင်ငံတွေဟာ နိုင်ငံတော်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မေ ၂၁ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ ကျင်းပပြုလုပ်တဲ့ အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ် သင်တန်း၊ လေကြောင်းလူငယ်သင်တန်းတွေက သင်တန်းသားတွေနဲ့ အုပ်ချုပ်သူ နည်းပြတွေကို တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

လူတိုင်းမှာ မိတ်ဆွေကောင်းရှိဖို့ အရေးကြီးသလို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ မိမိတို့ နိုင်ငံတော်ကြီးဟာလည်း မိတ်ဆွေကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။မကြာခင်က ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ချိန်မှာ အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးဖို့ ရောက်လာတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေ၊ ဝမ်းနည်း စာနာ ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကျန်းမာရေး၊ စား သောက်နေထိုင်ရေး ကဏ္ဍစုံမှာ ပံ့ပိုးကူညီပေးကြတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေဟာ မိမိတို့နိုင်ငံအတွက် မိတ်ဆွေကောင်းတွေလို့ ဆိုရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။