အဂတိလိုက်စားမှုနဲ့ တရားမဝင် ချမ်းသာကြွယ်ဝလာတာတွေကို သတင်းရရှိရင် စိစစ်ခွင့်ရှိတယ်လို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးကပြောပါတယ်။မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦးတို့ ဖေဖော်ဝါရီ၁၁ရက်က နေပြည်တော်မှာတွေ့ဆုံရာမှာ ဦးစစ်အေးက အခုလိုပြောကြားလိုက်တာပါ။

အဂတိလိုက်စားမှုနဲ့စပ်လျဉ်းပြီး ကော်မရှင်ကို သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားနိုင်ပြီး အဂတိလိုက်စားမှုကြောင့် တရားမဝင်ကြွယ်ဝချမ်းသာလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ကော်မရှင်က ပြည်သူပိုင်အဖြစ်သိမ်းဆည်းဖို့ အခွင့်အာဏာရှိတယ်လို့ ဆိုပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို ကော်မရှင်နဲ့ သတင်းမီဒီယာကောင်စီတို့ ရှေ့ဆက်ပူပေါင်းဆောင်ရွက်ရမယ်လို့လည်း ဦးစစ်အေးက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ-ACC Myanmar