နိုင်ငံ့စီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု သက်သာချောင်ချိရေးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဇန်နဝါရီ၁၇ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။နိုင်ငံရေးဟာ စီးပွားရေးမဟုတ်ပေမယ့်လည်း စီးပွားရေးဟာ နိုင်ငံရေးနဲ့ နိုင်ငံ့အရေးဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးအားကောင်းမှသာ အဘက်ဘက်က အားကောင်းလာမှာဖြစ်တဲ့အတွက် နိုင်ငံ့စီပွားရေးအားကောင်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။