မြန်မာနိုင်ငံရှိ လူသား အပါအဝင် သယံဇာတ အရင်းအမြစ်တွေကို အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည်ဟာ မုချ တိုး တက်အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့ ပြည်သူတွေ တောင်းဆိုတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ပူး ပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ရမှာ ဖြစ်သလို တစ်ဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးကို ရအောင်လုပ်ရမှာ ဖြစ် တယ်လို့ ဆိုပါတယ်။

ရုရှား နဲ့ ဘီလာရုစ် နှစ်နိုင်ငံ ခေါင်းဆောင်တွေကလည်း မြန်မာနိုင်ငံအပေါ် အစစအရာရာ ပူးပေါင်းကူညီဆောင်ရွက် ပေးသွားမယ်လို့ ပြောကြားခဲ့တာ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ဆုံချက်ကောင်းမွန်တဲ့ နေရာမှာ ရှိပြီး မိမိတို့နိုင်ငံကို အခြေပြုပြီး စီးပွားရေး လုပ်တာ ဖြစ်ဖြစ် မြန်မာနိုင်ငံကို ဖြတ်ပြီး စီးပွားရေး လုပ်တာ ဖြစ်ဖြစ် ကြီးမားတဲ့ ဈေးကွက်ကြီး တစ်ခုလုံးကို ကူးလူး ဆက်ဆံနိုင်ခွင့် ရမယ်ဆိုတာ သိနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။နောက်ကျပြီး ကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးမှာ ဦးစားပေး ဆောင်ရွက်ပေးမှာ ဖြစ်ပြီး အခုလည်း တတ်နိုင်သလောက် လုပ်ဆောင်ပေးနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၃ ရက်ကနေ ၉ ရက်အထိ ရုရှားနိုင်ငံ နဲ့ ဘီလာရုစ်နိုင်ငံတွေကို နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့တာဖြစ်ပြီး မတ်လ ၉ ရက် ညနေပိုင်းက နေပြည် တော်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။