လှိုင်သာယာမြိုနယ်မှာ ရေစီးရေလာကောင်းမွန်ရေးဟာ အဓိကဆောင်ရွက်ပေးရမယ့်ကိစ္စတစ်ခုဖြစ်တယ်လို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။မတ်လ၁၄ရက်က လှိင်သာယာမြိုနယ်ရှိ ဘုရင့်နောင်ပန်းခြံကိုရောက်ရှိချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

ရေထွက်စနစ်တွေ စနစ်တကျကောင်းမွန်စေရေး ရေနုတ်မြောင်းတွေ၊ တံတားတွေကို သတ်မှတ်ချက်တွေနဲ့အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်သွားဖိုလိုပြီး မိုးရာသီကာလမတိုင်မီ ရေစီးရေလာကောင်းမွန်စေရေးနဲ့ ရေထွက်ပေါက်တွေ စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားဖိုတယ်လို ဆိုပါတယ်။လှိုင်သာယာမြိုနယ်အတွင်း စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတိုအတွက် စနစ်တကျစီမံကိန်းချ ဆောင်ရွက်သွားဖိုလိုပြီး မြိုနေပြည်သူလူထုနဲ့ကိုက်ညီတဲ့ လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမှာဖြစ်တယ်လို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။